News Articles

September 23, 2020

ဘဏ်သို့ငွေပေးသွင်းရန်ကိစ္စနှင့်ပတ်သက်ပြီး အသိပေးခြင်း (၂၃ စက်တင်ဘာ ၂၀၂၀)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ဘဏ္ဍာရေးနှင့် ငွေစာရင်းဌာန၏ ဘဏ္ဍာရေး ဆိုင်ရာအသိပေးကြေညာချက်အရ Online ဖြင့်ဌာနသို့ငွေပေးသွင်းရမည့် ပုဂ္ဂိုလ်များသည် ၂၃-၉-၂၀၂၀ နေ့အထိသာ ဧရာဝတီဘဏ်ရှိ ရန်ကုန်မြို့တော်ဘဏ်လီမိတက်၏ ဘဏ်စာရင်းနှင့် ရန်ကုန်မြို့တော်ဘဏ်လီမိတက်သို့ ပေးသွင်းရန် အသိပေးအပ်ပါသည်။ ၂-၁၀-၂၀၂၀ နေ့မှစတင်ပြီး ဧရာဝတီဘဏ်ရှိ ရန်ကုန်မြို့တော်ဘဏ်လီမိတက်၏ ဘဏ်စာရင်းနှင့် ရန်ကုန်မြို့တော်ဘဏ်လီမိတက်သို့ သွင်းငွေများကို ပုံမှန်အတိုင်း ပြန်လည်ပေးသွင်းနိုင်ပါ ကြောင်းလည်း တပါတည်းအသိပေးကြေညာအပ်ပါသည်။
BACK