News Articles

November 19, 2020

​အများသိစေရန်ကြေညာချက် (၁၁ နိုဝင်ဘာလ ၂၀၂၀)

၁။          ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း မြေပိုင်ဆိုင်မှုအရပ်ကတိစာချုပ်များဖြင့် လျှောက်ထားသည့်ဆောက်လုပ်ခွင့်အမှုတွဲများ (Low Risk Without D-Map)နှင့်ပတ်သက်၍ အောက်ပါ အတိုင်းသာ စိစစ်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည် -
 
             (က)    ဂရန်မြေနှင့်ပါမစ်မြေများဖြစ်ပါက မျက်နှာဖွင့် ၃၀'-၀" အောက်အကျယ်ရှိသော မြေကွက် များတွင် အမြင့် ၃၀'-၀" ထက်မပိုသော (၃)ထပ်ထိ ဆောက်လုပ်ခွင့်များ၊
             (ခ)      မိသားစုတစ်စုသာအသုံးပြုမည့် (ကန်ထရိုက်တိုက်ပုံစံ၊ စီးပွားရေးသုံးအဆောက်အအုံ မဟုတ်သည့်)ဆောက်လုပ်ခွင့်များ။
 
၂။          ဂရန်မြေ၊ ပါမစ်မြေများကိုဝယ်ယူ၍ ဆောက်လုပ်ခွင့်လျှောက်ထားမှုများကို (၁-၂-၂၀၂၁)ရက်နေ့ နောက်ပိုင်းတွင် Low Risk With D-Map ဖြင့်သာ ဆောက်လုပ်ခွင့်တင်ပြရန်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
BACK