News Articles

March 7, 2022

Online မှ ငွေပေးသွင်းမှုများနှင့်ပတ်သက်ပြီး အသိပေးကြေညာခြင်း

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆေက်အအုံ)သို့ ပေးသွင်း ရမည့် Online Payment များအား ၂၉.၃.၂၀၂၂ (၁၅း၀၀နာရီ) ထိသာ ပေးသွင်းနိုင်မည်ဖြစ်ပါသည်။ ဘဏ္ဍာရေးနှင့် ငွေစာရင်းဌာန၏ (၆လ ဘတ်ဂျက်) ဘဏ္ဍာရေး နှစ်ကုန်ဆုံးချိန် ဘဏ္ဍာရေးဆိုင်ရာအသိပေး ကြေညာချက်အရ ၃၀.၃.၂၀၂၂ နေ့နှင့် ၃၁.၃.၂၀၂၂နေ့များတွင် online မှ ငွေပေးသွင်းမှုများနှင့်ပတ်သက်ပြီး  ခေတ္တရပ်နားထားမည်ဖြစ်ပါသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်စတင်သည့် ၁.၄.၂၀၂၂ မှသာ Online Payment သွင်းငွေများကို ပြန်လည်ပေးသွင်းနိုင်မည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
BACK