News Articles

August 7, 2019

မြေသားစမ်းသပ်မှုဆိုင်ရာညွှန်ကြားချက် (၂၈-ဖေဖော်ဝါရီ-၂၀၁၉)

ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နမိတ်အတွင်း ဆောက်လုပ်မည့် ၃ ထပ်နှင့် အထက်အဆောက်အအုံများ ဆောက်လုပ်ခွင့်တင်ပြရာတွင် အထပ်မြင့်အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ (HPBC) ထောက်ခံချက်ဖြင့် မြေသားစမ်းသပ်မှု လုပ်ငန်းလိုင်စင်ရရှိထားသည့် ကုမ္ပဏီများမှ တင်ပြလာသော မြေသားစမ်းသပ်မှု လုပ်ငန်းဆိုင်ရာ အစီရင်ခံစာ (SOIL INVESTIGATION REPORT) များကို လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။ မြေသားစမ်းသပ်မှုလုပ်ငန်းနှင့် ပတ်သက်ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် (HPBC) အဖွဲ့နှင့် ဌာနဆိုင်ရာ အဖွဲ့များ စုပေါင်းဆွေးနွေးသည့် အစည်းအဝေးဆုံးဖြတ်ချက်အရ မြေသားစမ်းသပ်မှု လုပ်ငန်းဆောင်ရွက်ရာတွင် မြေသားစမ်းသပ်မှု လုပ်ငန်းလိုင်စင်ရ ကုမ္ပဏီများ အနေဖြင့် အောက်ဖော်ပြပါ အချက်များကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်၍ ဖြည့်စွက်လိုက်နာ ဆောင်ရွက်ရန် အသိပေးကြေငြာအပ်ပါသည် - 
(က)      Soil Report သက်တမ်းအား မြေသားစမ်းသပ်သည့် အချိန်မှစ၍ ၄ နှစ် သက်တမ်းအထိသာ အကျုံးဝင်သည်ဟု သတ်မှတ်ရန်။
(ခ)        စတုရန်းပေ ၂၅၀၀ နှင့် အောက်ရှိသော မြေကွက်များအတွက် မြေသားစမ်းသပ်ရမည့် Bore Hole အရေအတွက်အား အနည်းဆုံး (၂)              ကျင်းစမ်းသပ်ရန်။
(ဂ)       စတုရန်းပေ ၂၅၀၀ နှင့် ၅၀၀၀ ကြားရှိသော မြေကွက်များအတွက် မြေသားစမ်းသပ်ရမည့် Bore Hole အရေအတွက်အား အနည်းဆုံး             (၃) ကျင်းစမ်းသပ်ရန်။
(ဃ)      စတုရန်းပေ ၅၀၀၀ နှင့်အထက်ရှိသော မြေကွက်များအတွက် မြေသားစမ်းသပ်ရမည့် Bore Hole အရေအတွက်အား ပထမမူလ                    စတုရန်းပေ ၅၀၀၀ အတွက်  (၃) ကျင်းနှင့် ပထမမူလစတုရန်းပေ ၅၀၀၀ ထက်ပိုသောမြေများအတွက် စတုရန်းပေ ၅၀၀၀ လျှင်  (၁)              ကျင်း နှုန်းဖြင့် စမ်းသပ်ရန်။

ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)
BACK