News Articles

April 28, 2022

အများသိစေရန် ကြေညာချက်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း မြေပိုင်ဆိုင်မှုအရပ်ကတိစာချုပ်ဖြင့် ဝယ်ယူပိုင်ဆိုင်ပြီးစီးပွားရေးသုံးမဟုတ်ဘဲသာမာန်လူနေအိမ်ဆောက်လုပ်ရန် လျှောက်ထားသည့် အောက်ဖော်ပြပါဆောက်လုပ်ခွင့်များကို မြေပိုင်ဆိုင်မှုအရပ်စာချုပ်(Low Risk Without D-Map) ဖြင့် ၁-၅-၂၀၂၂ ရက်‌နေ့မှစတင်၍ စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာ အပ်ပါသည် -
(က) မြို့သစ်မြို့နယ်များတွင် ( ၃၀' × ၆၀' )နှင့်အောက် ဂရန်မြေ / ပါမစ်မြေကွက် များတွင် ဆောက်လုပ်ခွင့်လျှောက်ထားခြင်းများ၊
(ခ) ကျန်မြို့နယ်များတွင် မြေရာဇဝင်စိစစ်ချက်အရ ( ၂၀' × ၆၀' )ဂရန်မြေ / ပါမစ်မြေ များဖြစ်က ၂၀၁၀ ခုနှစ်မတိုင်မီဝယ်ယူထားသည့် မြေကွက်များ နှင့် ( ၂၀' × ၆၀' ) အောက် ဂရန်မြေ / ပါမစ်မြေ များတွင် ဆောက်လုပ်ခွင့် လျှောက်ထားခြင်းများ၊
(ဂ) အမည်ပေါက်ဆောင်ရွက်၍ မရနိုင်သည့် / မြေအမည်ပေါက်ရရှိနိုင်ရန် ခက်ခဲသည့် မြေကွက်များတွင် Building Categorization Matrix တွက်ချက်မှုအရ Low Risk အဆင့်ဆောက်လုပ်ခွင့်လျှောက်ထားခြင်းများ။
BACK