News Articles

June 29, 2022

ကြေငြာချက်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း ဆောက်လုပ်သည့် အဆောက်အဦများ၏ ရေနှင့်သန့်ရှင်းမှုဆိုင်ရာလုပ်ငန်းများအတွက် ခွင့်ပြုမိန့်များလျှောက်ထားရာတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ ကန့်သတ်ခွင့်ပြုထားသောလုပ်ငန်း သတ်မှတ်ချက်များနှင့်အညီ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက စိစစ်ထုတ်ပြန်ထားသော (Water Supply & Sanitation) မှတ်ပုံတင် လက်မှတ်ရရှိထားပြီး စည်းကမ်းသတ်မှတ်ချက်ကာလများနှင့် ကိုက်ညီစွာ သက်တမ်းတိုး ဆောင်ရွက်ထားပြီးဖြစ်သည့် P.E(Water & Sanitation) က မြို့ပြအင်ဂျင်နီယာဆိုင်ရာ အဆောက်အအုံများ အားလုံး၏ ရေပေးဝေရေးနှင့်သန့်ရှင်းမှု (Water Supply & Sanitation) လုပ်ငန်းများအားလည်းကောင်း၊ R.S.E(Water & Sanitation) က  အမှတ်စဉ် (၁)ပန်းဆွဲအထိအမြင့်(၂၈)မီတာထက်မမြင့်၊ ကြမ်းခင်း ဧရိယာ စုစုပေါင်း (၁၀၀၀)စတုရန်းမီတာထက် မကျယ်သော (စာသင်ကျောင်း၊ ဆေးရုံ၊ ရုပ်ရှင်ရုံ၊ အားကစားရုံ၊ မြို့တော်ခန်းမ၊ ကုန်တိုက်ကြီးများစသည်ကဲ့သို့) အများပြည်သူသုံး အဆောက်အအုံ မဟုတ်သည့် သာမန် လူနေအဆောက်အဦများ၏ ရေပေးဝေရေးနှင့် သန့်ရှင်းမှု (Water Supply & Sanitation) လုပ်ငန်းများ၊ အမှတ်စဉ် (၂) ပန်းဆွဲအထိ အမြင့်(၈)မီတာထက်မမြင့်၊ ကြမ်းခင်းဧရိယာ စုစုပေါင်း (၂၀၀၀) စတုရန်းမီတာထက် မကျယ်သော (စာသင်ကျောင်း၊ ဆေးရုံ၊ ရုပ်ရှင်ရုံ၊ အားကစားရုံ၊ မြို့တော် ခန်းမ၊ကုန်တိုက်ကြီးများစသည်ကဲ့သို့) အများပြည်သူသုံးအဆောက်အဦများ၏ ရေပေးဝေရေးနှင့် သန့်ရှင်းမှု (Water Supply & Sanitation) လုပ်ငန်းများအားလည်းကောင်း၊ R.E(Water & Sanitation) က ပန်းဆွဲအထိ အမြင့်(၁၁)မီတာထက်မမြင့်၊ ကြမ်းခင်းဧရိယာစုစုပေါင်း (၄၅၀)စတုရန်း မီတာထက် မကျယ်သော (စာသင်ကျောင်း၊ ဆေးရုံ၊ ရုပ်ရှင်ရုံ၊ အားကစားရုံ၊ မြို့တော် ခန်းမ၊ ကုန်တိုက်ကြီးများ စသည်ကဲ့သို့) အများပြည်သူသုံးအဆောက်အအုံ မဟုတ်သည့် သာမန်လူနေ အဆောက်အဦများ၏ ရေပေးဝေရေးနှင့်သန့်ရှင်းမှု (Water Supply & Sanitation)  လုပ်ငန်းများအား လည်းကောင်း ၁-၇-၂၀၂၂ ရက်နေ့မှစတင်၍ တာဝန်ယူလက်မှတ် ရေးထိုးလျှောက်ထားရန်လိုအပ်ပါ ကြောင်း အသိပေးကြေငြာ အပ်ပါသည်။
BACK