News Articles

August 2, 2022

ကြေညာချက်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း ဆောက်လုပ်သည့် အဆောက်အဦများ၏ ရေနှင့်သန့်ရှင်းမှုဆိုင်ရာခွင့်ပြုမိန့်များ လျှောက်ထားရာတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ကန့်သတ်ခွင့်ပြုထားသောလုပ်ငန်း သတ်မှတ်ချက်များနှင့်အညီ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီကစိစစ်ထုတ်ပြန်ထားသော (Water Supply & Sanitation)အထူးပြုပညာရပ်မှတ်ပုံတင်လက်မှတ်ရရှိထားပြီး စည်းကမ်းသတ်မှတ်ချက်ကာလ များနှင့်ကိုက်ညီစွာ သက်တမ်းတိုး ဆောင်ရွက်ထားပြီးဖြစ်သည့် P.E(Water Supply & Sanitation)က မြို့ပြအင်ဂျင်နီယာဆိုင်ရာ အဆောက်အအုံများ အားလုံး၏ ရေပေးဝေရေးနှင့် သန့်ရှင်းမှု(Water Supply & Sanitation)လုပ်ငန်းများအားလည်းကောင်း၊ R.S.E(Water Supply & Sanitation)က အမှတ်စဉ်(၁) ပန်းဆွဲအထိအမြင့်(၂၈)မီတာထက်မမြင့်၊ ကြမ်းခင်းဧရိယာတစ်ထပ်လျှင်(၁၀၀၀)စတုရန်း မီတာထက် မကျယ်သော (စာသင်ကျောင်း၊ ဆေးရုံ၊ ရုပ်ရှင်ရုံ၊ အားကစားရုံ၊ မြို့တော်ခန်းမ၊ ကုန်တိုက်ကြီးများစသည်ကဲ့သို့) အများပြည်သူသုံး အဆောက်အအုံမဟုတ်သည့် သာမန်လူနေ အဆောက်အအုံများ၏ ရေပေးဝေရေးနှင့် သန့်ရှင်းမှု (Water Supply & Sanitation) လုပ်ငန်းများ၊ အမှတ်စဉ်(၂) ပန်းဆွဲအထိ အမြင့်(၈)မီတာ ထက်မမြင့်၊ ကြမ်းခင်းဧရိယာ စုစုပေါင်း (၂၀၀၀)စတုရန်း မီတာထက် မကျယ်သော (စာသင်ကျောင်း၊ ဆေးရုံ၊ ရုပ်ရှင်ရုံ၊ အားကစားရုံ၊ မြို့တော်ခန်းမ၊ ကုန်တိုက်ကြီးများစသည်ကဲ့သို့) အများပြည်သူသုံး အဆောက်အအုံများ၏ ရေပေးဝေရေးနှင့် သန့်ရှင်းမှု (Water Supply & Sanitation) လုပ်ငန်းများ အားလည်းကောင်း၊ R.E(Water Supply & Sanitation)က ပန်းဆွဲအထိ အမြင့်(၁၁)မီတာထက်မမြင့်၊ ကြမ်းခင်းဧရိယာစုစုပေါင်း (၄၅၀)စတုရန်း မီတာထက်မကျယ်သော (စာသင်ကျောင်း၊ ဆေးရုံ၊ ရုပ်ရှင်ရုံ၊ အားကစားရုံ၊ မြို့တော်ခန်းမ၊ ကုန်တိုက်ကြီးများ စသည်ကဲ့သို့) အများပြည်သူသုံး အဆောက်အအုံ မဟုတ်သည့် သာမန်လူနေအဆောက်အဦများ၏ ရေပေးဝေရေးနှင့်သန့်ရှင်းမှု (Water Supply & Sanitation) လုပ်ငန်းများအား လည်းကောင်း ၁-၇-၂၀၂၂ ရက်နေ့မှစတင်၍ တာဝန်ယူလက်မှတ်ရေးထိုးလျှောက်ထားရန်လိုအပ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ဆက်သွယ်စုံစမ်းရန်   - ၀၉၅၀၁၉၃၁၇၊ ၀၉၄၄၃၁၄၈၆၅၁၊ ၀၉၂၆၁၇၇၉၄၆၃၊ ၀၉၉၇၆၄၀၆၁၄၈
BACK