News Articles

March 24, 2023

ကြေညာချက် (၂၄-မတ်လ-၂၀၂၃)

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ တွင် မှတ်ပုံတင်ထားရှိပြီး YBPS System ၌ လုပ်ငန်းဆောင်ရွက်ခွင့် ရရှိထားသော အင်ဂျင်နီယာများအနက်  ၂၀၂၂ ၊ ဒီဇင်ဘာလ(၃၁)ရက်နေ့ တွင် သက်တမ်းကုန်ဆုံးနေသော အင်ဂျင်နီယာများအား ယာယီအားဖြင့် လုပ်ငန်း အဆင်ပြေမှုရှိစေရေးအတွက် လက်ရှိလုပ်ငန်း လုပ်ကိုင်ခွင့်ကတ်ဖြင့်ပင် ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ မှ အင်ဂျင်နီယာများအား   One Stop Service ဖြင့် သက်တမ်းတိုးဆောင်ရွက်ပေးနေသဖြင့်  သက်တမ်း ကုန်ဆုံးနေသောကတ်များဖြင့် တင်ပြလာပါက  မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နှင့် ဆက်သွယ် ဆောင်ရွက်ပါရန် ညှိနှိုင်းအကြောင်းကြားထားပါသဖြင့် အမြန်ဆုံးဆက်သွယ်ဆောင်ရွက်ပါရန်  အသိပေးအပ်ပါသည်။
BACK