March 19, 2026
အသိပေး ကြေညာချက် (၁၉-မတ်လ-၂၀၂၆)
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာန၏ ဘဏ္ဍာရေးဆိုင်ရာ အသိပေးကြေညာချက်အရ ပေးသွင်းရမည့် အခွန်အခများအား ရန်ကုန်မြို့တော်ဘဏ်သို့ Online ဖြင့် တိုက်ရိုက် ပေးသွင်းမှုအား ၂၃-၃-၂၀၂၆ ရက်နေ့အထိ လည်းကောင်း၊ ငွေသားဖြင့် ပေးသွင်းမှု အား ၂၄-၃-၂၀၂၆ (၁၄:၀၀ နာရီ)ထိလည်းကောင်း ပေးသွင်းရန် ဖြစ်ပါသည်။ ချက်လက်မှတ်ဖြင့် ပေးသွင်းမှုအား ၂၄-၃-၂၀၂၆ ရက်နေ့မှစ၍လည်းကောင်း၊ ငွေသားဖြင့် ပေးသွင်းမှုများအား ၂၅-၃- ၂၀၂၆ ရက်နေ့မှစ၍လည်းကောင်း မြန်မာ့စီးပွားရေးဘဏ်သို့ တိုက်ရိုက်ပေးသွင်းရန် ဖြစ်ပါသည်။ ၂-၄-၂၀၂၆ ရက်နေ့မှစတင်ပြီး ပုံမှန်အတိုင်း ပြန်လည်ပေးသွင်းနိုင်ပါကြောင်းလည်း တစ်ပါတည်း အသိပေး ကြေညာအပ်ပါသည်။