News Articles

March 24, 2026

အသိပေးကြေညာချက် (၂၄-မတ်လ-၂၀၂၆)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊e-Government လုပ်ငန်းကော်မတီမှ Loading ကိစ္စ ဖြေရှင်းဆောင်ရွက်နေသည့်ကာလဖြစ်သဖြင့် ကော်မတီသို့  ပေးသွင်းရမည့် အခွန်အခများအား ၁၉-၃-၂၀၂၆ မှ ၂၀-၄-၂၀၂၆ အထိ Online Payment များ ဖြစ်သည့် AYA  iBanking, KBZ Mobile Banking, KBZ Pay, CB Pay,AYA Pay MAB, UAB(Sai Sai Pay), AGD One Pay, A Bank, YOMA Bank, Wave Money, OK$, Mytel Pay, City Pay, City Pay Topup (City Pay, OK$, AGD One Pay) တို့ဖြင့် ငွေပေးသွင်း၍ မရပါကြောင်းနှင့် ငွေသားဖြင့် တိုက်ရိုက်ပေးသွင်း မှုအား ရန်ကုန်မြို့တော်ဘဏ်ရုံးချုပ်နှင့်ဘဏ်ခွဲများတွင် ယခုဘဏ္ဍာရေးနှစ်အတွက် ၂၄-၃-၂၀၂၆ ရက်နေ့အထိလည်းကောင်း၊ နောင်လာမည့်ဘဏ္ဍာရေးနှစ်အတွက် ၂-၄-၂၀၂၆ ရက်နေ့မှ စတင်၍ လည်းကောင်း ပေးသွင်းနိုင်ပါကြောင်း ထပ်မံ အသိပေးကြေညာအပ်ပါသည်။
BACK