News Articles

September 20, 2019

ဘဏ်သို့ငွေပေးသွင်းရန်ကိစ္စနှင့်ပတ်သက်ပြီး အသိပေးခြင်း

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ဘဏ္ဍာရေးနှင့် ငွေစာရင်းဌာန၏ဘဏ္ဍာရေးဆိုင်ရာအသိပေးကြေညာချက်အရ Online ဖြင့်ဌာနသို့ပေးသွင်းရမည့် ပုဂ္ဂိုလ်များသည် ၂၃-၉-၂၀၁၉ နေ့အထိသာ ဧရာဝတီဘဏ်ရှိ ရန်ကုန်မြို့တော်ဘဏ်လီမိတက်၏ ဘဏ်စာရင်းသို့ ပေးသွင်းရန်နှင့် ၂၅-၉-၂၀၁၉ နေ့အထိသာ ရန်ကုန်မြို့တော်ဘဏ်လီမိတက်သို့ ပေးသွင်းရန် အသိပေးအပ်ပါသည်။ ၂-၁၀-၂၀၁၉ နေ့မှစတင်ပြီး ဧရာဝတီဘဏ်ရှိ  ရန်ကုန်မြို့တော်ဘဏ်လီမိတက်၏ ဘဏ်စာရင်းနှင့် ရန်ကုန်မြို့တော်ဘဏ်လီမိတက်သို့ သွင်းငွေများကို ပုံမှန်အတိုင်း ပြန်လည်ပေးသွင်းနိုင်ပါကြောင်းလည်း တပါတည်းအသိပေးကြေညာအပ်ပါသည်။
BACK